ရှင်ယောဟန်/ဩဝါဒစာ ပထမစောင်
အသက်ရှင်သော/နှုတ်ကပတ်တော်
1
အစဦး/ကပင် ရှိနေ/၍ ကျွန်ုပ်တို့/ကြားရသော/အရာ၊ ကျွန်ုပ်တို့/မျက်စိ/ဖြင့် မြင်ရသော/အရာ၊ ကျွန်ုပ်တို့/ကြည့်ရှု/၍ လက်/ဖြင့် ထိတွေ့ခဲ့သော/အရာ/ဖြစ်သည့် အသက်တော်/တည်းဟူသော နှုတ်ကပတ်တော်/အကြောင်း/ကို သင်တို့/ထံသို့ ကျွန်ုပ်/ရေးလိုက်၏။ 2 ထို/အသက်တော်/သည် ထင်ရှားခဲ့ပြီ။ ကျွန်ုပ်တို့/သည်လည်း မြင်ကြပြီး ထို/အကြောင်း/ကို သင်တို့/အား သက်သေခံကြ၏။ ခမည်းတော်/နှင့်အတူ/ရှိ/၍ ကျွန်ုပ်တို့/အား ဖော်ပြခြင်း/ခံရသည့် ထို/ထာဝရ/အသက်တော်/အကြောင်း/ကို သင်တို့/အား ကျွန်ုပ်တို့/ဟောပြောကြ၏။ 3 ကျွန်ုပ်တို့/မြင်ရ၊ ကြားရသော အရာများ/ကို သင်တို့/အား ပြောပြရခြင်း/မှာ သင်တို့/သည် ကျွန်ုပ်တို့/နှင့် မိတ်သဟာယဖွဲ့/စေရန် ဖြစ်၏။ ကျွန်ုပ်တို့/၏ မိတ်သဟာယဖွဲ့ခြင်း/မှာ ခမည်းတော်/နှင့်/လည်းကောင်း၊ သားတော် ယေရှု/ခရစ်တော်/နှင့်/လည်းကောင်း မိတ်သဟာယဖွဲ့ခြင်း/ဖြစ်၏။ 4 ကျွန်ုပ်တို့/သည် ဝမ်းမြောက်ခြင်း/ကို သင်တို့/နှင့်အတူ အပြည့်အဝ/ခံစား/နိုင်ရန် ဤ/အရာများ/ကို ရေးလိုက်ကြ၏။အလင်း/၌ အသက်ရှင်ခြင်း
5 “ဘုရားသခင်/သည် အလင်း/ဖြစ်တော်မူ/ပြီး ကိုယ်တော်/၌ အမှောင်/လုံးဝ/မရှိ” ဟူသော တရားစကား/သည် ယေရှု/ထံမှ ကျွန်ုပ်တို့/ကြားရပြီး သင်တို့/အား ကြေညာသော/တရားစကား/ဖြစ်၏။ 6 ထို့ကြောင့် “ကျွန်ုပ်တို့/သည် ဘုရားသခင်/နှင့် မိတ်သဟာယဖွဲ့သည်” ဟု ဆို/သော်လည်း အမှောင်/ထဲတွင် ကျင်လည်/နေဆဲဖြစ်/လျှင် သမ္မာတရား/ကို မကျင့်ဘဲ လိမ်လည်သူများ/ဖြစ်၏။ 7 သို့ရာတွင် ဘုရားသခင်/သည် အလင်း/တွင် ရှိတော်မူ/သကဲ့သို့ ကျွန်ုပ်တို့/သည်လည်း အလင်း/တွင် ကျင်လည်ကြ/လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း/ရှိ/သဖြင့် သားတော်/ယေရှု/၏/အသွေးတော်/သည် ကျွန်ုပ်တို့/ကို အပြစ်/အားလုံး/မှ ကင်းစင်စေတော်မူ၏။
8 “ကျွန်ုပ်တို့/၌ အပြစ်/မရှိ” ဟု ဆို/ပါက ကျွန်ုပ်တို့/သည် မိမိကိုယ်မိမိ လှည့်စား၏။ ကျွန်ုပ်တို့/၌ သမ္မာတရား/မရှိ။ 9 သို့သော် ကျွန်ုပ်တို့/သည် မိမိတို့/၏/အပြစ်များ/ကို ဖွင့်ဟ/ဝန်ခံ/ပါက ကိုယ်တော်/သည် သစ္စာ/နှင့်/ပြည့်စုံ/ပြီး ဖြောင့်မတ်သော/အရှင်/ဖြစ်တော်မူ/သောကြောင့် ကျွန်ုပ်တို့/ကို အပြစ်များ/မှ ဖြေလွှတ်/ကာ မတရားမှု/အားလုံး/မှ စင်ကြယ်စေတော်မူ/လိမ့်မည်။ 10 “ကျွန်ုပ်တို့/သည် အပြစ်/ကျူးလွန်/မထားပါ” ဟု ဆိုလျှင် ဘုရားသခင်/အား “လိမ်လည်သော/အရှင်” ဟု စွပ်စွဲရာ/ရောက်၏။ ကိုယ်တော်/၏ နှုတ်ကပတ်တော်/သည်လည်း ကျွန်ုပ်တို့/ထဲတွင် မရှိ။